သာစည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထအကြိမ်လူမှုရေး ပင်စင် ထောက်ပံ့ငွေများ နှင့် မသန်စွမ်းသူများအားထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်းသိရသည်။
ထောက်ပံ့ငွေများပေးအပ်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟက အမှာစကားပြောကြားပြီး မြို့နယ် စီမံခန်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းမောင်က ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ သတ်မှတ်ချက် များနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်စသည်ဖြင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် ထောက်ပံ့ ငွေများ ပေးအပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုးက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လည်းကောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသောပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များကလည်းကောင်း ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်သူများ
ထံထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများနှင့်ပစ္စည်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၃၅၃၈၅ စုအတွက် ထောက်ပံ့ငွေကျပ် ၇၀၇၇၀၀၀၀၀ ၊ လူမှုရေးပင်စင် ၁၀၄၀ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၃၁၂၀၀၀၀၀ ၊ မသန်စွမ်းသူ ၁၂၈၈ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၈၆၄၀၀၀၀ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ပေးသော ခေါက်ဆွဲခြောက်ထုပ်များနှင့် ဆန်များထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထွန်းထွန်း