ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၅)ဦးအား Facility Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်

ကျောက်ကြီး စက်တင်ဘာ ၁၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာမှ(၂)ဦး၊ သောင်လယ် ကျေးရွာအုပ်စုမှ (၂)ဦး၊ မုန်အုပ်စုတုံးတောကျေးရွာမှှ(၁)ဦး၊ စုစုပေါင်း နေရပ်ပြန်(၅) ဦးတို့သည် ထိုင်းနိုင်ငံရှိစက်ရုံများ၊ စားသောက်ဆိုင်များ၊ ခြံလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် သွားရောက် လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ(၄) နာရီတွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များက ပဲနွယ်ကုန်းမြို့တွင် သွားရောက်ခေါ်ဆောင်ခဲ့သည်။
ထိုင်းနိုင်ငံမှ ကျောက်ကြီးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန်(၅)ဦးအား ကျောက်ကြီးမြို့ ကသစ်ဝိုင်ဓမ္မရိပ်သာ၊ မုန်းခန်းမနှင့် ညောင်ပင်သာရွာလယ် ဘုန်းတော်ကြီးကျောင်း တိုက် စခန်းများတွင် ဖွင့်လှစ်ထားသည့်  Facility Quarantine ၌ ယနေ့မှှ စတင်၍ အောက်တိုဘာလ ၁  ရက်နေ့အထိ Facility Quarantine ဝင်ရောက်နေပါကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နေထိုင်စားသောက်ရေးများကို ဂရုစိုက်ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
K ခိုင် ပြန်/ဆက်