ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ Quarantine centre များသို့ လာရောက်လှူဒါန်းသော ပစ္စည်းများလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

ဒဂုံတောင် စက်တင်ဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ Quarantine cetre များတွင် လိုအပ်သော  ငွေသား၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းပေး ကြသော မြို့နယ်အတွင်းရှိ စေတနာရှင်များအား ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ အလှူပစ္စည်းလက်ခံ ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ Quarantine Centre များတွင် အသုံးပြုမည့်ပစ္စည်းများအား လာရောက်လှူဒါန်းရာတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် မြို့နယ်ကိုဗစ်ကော်မတီဝင်များက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အလှူရှင်များ လှူဒါန်းသော ပစ္စည်းများအား Quarantine Centre တွင် အသုံးပြုနိုင်ရေး တာဝန်ရှိသူများအား ပြန်လည်ခွဲဝေပေးအပ်ခဲ့ပြီး ပစ္စည်းရရှိမှုနှင့် ပြန်လည်ခွဲဝေပေးမှုများအား မှတ်တမ်း စာရင်းထားရှိဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)