မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲပြုလုပ်

မုဒုံ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဦးက ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မိမိတို့ ရပ်ကွက်/ ကျေးရွာများရှိ မီးသတ်ယာဥ်၊ မီးသတ်စက်များ သင့် (၄)သင့် အနေအထားရှိစေရန်၊ ထူးခြားဖြစ်စဥ်ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းသွားရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖုန်းမြင့်အေးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်လံနှိုးဆော်မှုအခြေအနေ၊ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းတင်ပြရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များကိုမှာ ကြားခဲ့ပြီး တွေ့ဆုံပွဲသို့ မီးသတ်တပ်ဖွဲ့ဝင် (၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)