(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့နယ်တွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

လွိုင်လင် ဖေဖော်ဝါရီ ၁၁

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန Class A  လမ်းကြီးကြပ်ရေးအဖွဲ့  ၊ လွိုင်လင်ခရိုင် မှ ဆောင်ရွက်ခဲ့သည့် လွိုင်လင်-တောင်ကြီး ပထစ- ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းထိပ်ဖွင့်ပွဲမုခ်ဦးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

အခမ်းအနားသို့ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန Class A လမ်းကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက်နေဒေသခံပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အစီအစဉ်အရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လမ်းဦးစီးဌာန Class A လမ်းကြီးကြပ်ရေးအဖွဲ့ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးနိုင်ဝင်းအောင်က လမ်းသမိုင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် လမ်းဖွင့်ပွဲ့အထိမ်းအမှတ် လက်ဆောင်များကိုတာဝန်ရှိသူများမှ တပ်နယ်မှူးနှင့်အကြီးအကဲများအား ပေးအပ်ကြသည်။ ဆက်လက်၍ လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအစီအစဉ်ကိုကျင်းပရာ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပန်ဝိုးကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး လမ်းသစ်အားကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ လွိုင်လင်-တောင်ကြီး ပထစ-ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်းသည် ကတ္တရာလမ်းဖြစ်ပြီး လမ်းအရှည်မှာ (၅/၂) မိုင်၊ အကျယ်(၁၂)ပေရှိကြောင်းနှင့် လမ်းပေါ်ရှိကျေးရွာ(၄)ရွာမှ အိမ်ခြေ(၃၈၀)၊ လူဦးရေ (၁၅၅၁)ဦးတို့အား အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး