လိပ်သို ဖေဖော်ဝါရီ ၁၁
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၌ (၂၅) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီးကို မယ်တော်ဂူ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၁) ရက်နေ့ညနေမှစတင်၍ အမိမယ်တော် သခင်မ၏ အောင်မြင်ခြင်းအလံနှင့် ပုပ်ရဟန်းမင်းကြီးအလံတို့အား လွှင့်တင်ခြင်းဖြင့် စတင်ခဲ့ပြီး စိပ်ပုတီးစိပ်ခြင်း၊ နိုဗီးနားဆုတောင်းဝတ်ပြုခြင်းတို့ကို ဖေဖော်ဝါရီလ (၉) ရက်နေ့ ညနေတိုင်အောင် စဉ်ဆက်မပြတ် ဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရသည်။
ပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေတိုင်အောင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဘုရားဖူးလာဘာသာဝင်များ၊ ဧည့်သည်ပရိတ်သတ်များ ကြည့်ရှုအားပေးနိုင်ရန် ပွဲတော်ကာလအတွင်း ကျေးရွာရပ်ကွက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလီဘောပြိုင်ပွဲ (၂၅) သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ (၁၆) သင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)