ဝမ်းတွင်း ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် “စည်းလုံး ခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ ၂၀၂၅ခုနှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်၊ ပြည်ထောင် စုကို ကာကွယ်စို့၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ စသည့် အသိပညာဗဟုသုတရဖွယ် ကောက်နုတ်ချက်၊ ကဗျာ၊ ဆောင်းပါးများ ပါဝင်သည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခြေခံပညာကျောင်းများ၊ ကားဂိတ်၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)