တံတားမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်တောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

တံတား ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်တောင်စု‌နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်နှင့် မမေ့မလျော့စေရန်၊ ပြည်တောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် ပြည်တောင်စုစိတ်ဓာတ်အကြောင်း၊ လူငယ်များဗလငါးတန် ပြည့်စုံစေရေးကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)