လိပ်သို ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံတောင်သူအချို့မှာ တောင်ပေါ်ချင်းတက်များကို တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိနေကြောင်း သိရသည်။
ဒေသခံတောင်သူများမှာ နှစ်ရှည်သီးနှံများ စိုက်ပျိုးသည့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လာခဲ့ရာမှ တောင်ပေါ်ချင်းတက်များ လွန်စွာအသုံးဝင်ခြင်း၊ ဈေးနှုန်းမြင့်တက်ရရှိလာခြင်းနှင့် ဝယ်ယူအသုံးပြုသူ များပြားလာခြင်းတို့ကြောင့် မိမိတို့စားသုံးရန်သာ စိုက်ပျိုးလာခဲ့ကြရာမှ ပြန်လည်ရောင်းချနိုင်ရန် တိုးချဲ့စိုက်ပျိုးလာခဲ့ကြကြောင်း သိရသည်။
ယခင်နှစ်ကာလများက တောင်ပေါ်ချင်းတက် တစ်ပိဿာလျှင် (၅၀ဝိ/-) ကျပ်မှ (၁၀၀ဝိ/-) ကျပ်သာ ဈေးရရှိခဲ့သော်လည်း ယခုအခါ တောင်ပေါ်ချင်းတက် တစ်ပိဿာလျှင်(၈၀၀ဝိ/-) ကျပ်အထိ ဈေးရရှိလာပြီး လက်လီဈေးကွက်တွင် (၁၀၀၀ဝိ/-) ကျပ်အထိ ရောင်းချလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်