ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင်အသိပညာ ပေးဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၁၂.၂.၁၉၄၇ ရက်နေ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၏အမည်စာရင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသည့် မှတ်တမ်းဓာတ်ပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် ပြည်ထောင်စုကိုကာကွယ်စို့ ကဗျာ၊ စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွားစသည့် ဆောင်းပါးတို၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် လက်ကမ်း စာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)