ကျောက်ဖြူ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပြည်ထောင်စု နေ့အခမ်းအနားတွင် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)