လင်းခေးမြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ

မောက်မယ် ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်းရှိ လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ(၄) မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများအနားယူခြင်း ပြန်လည်ရွေးချယ်ပွဲနှင့် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နားကုန်းစာသင်တိုက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး အစည်းအဝေး သဘာပတိဆရာတော်က အစည်းအဝေးဖွင့်သြဝါဒ ကထာမြွက်ကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းလျောက်ထားပြီး အခမ်းအနားမှူးဆရာတော်မှ အနားယူသော ဆရာတော်ကြီးများ၏ အမည်စာရင်း ဖတ်ကြားခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန် ဆရာတော်ကြီးများ၏ အမည်စာရင်းတင်သွင်းခြင်းနှင့် အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ပူဇော်၍အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)