ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ငါးသိုင်းချောင်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက စာပေချစ်သူများ အသင်း( Book Club)အဖွဲ့မှ လူထုစိန်ဝင်းရေးသားသည့် လူကြီးလူငယ်ကွာဟမှုစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်ခင်မာလာအောင်က လူငယ်များစာဖတ်သည့် အလေ့အကျင့်များရရှိစေရန် စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင် လင်းပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်သူများအသင်း(BookClub) နာယက အငြိမ်းစားကျောင်းအုပ် ဆရာကြီးဦးသောင်းစိန်က မိဘတွေပညာလောဘမကြီးပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) နာယက ဦးအေးစိုးက ငွေကို ရေလိုစီးဆင်းနေရမယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူများအသင်း (BookClub)  နာယကဦးမြင့်ဆွေက အရချောင်လို့အချောင်ရတာခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊လူရွယ်များ စာဖတ်သည့်အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာဖြင့် သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တက်ရောက်လာသောလူငယ်များကိုလည်း စာအုပ်၊စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)