ဇမ္ဗူသီရိမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပြပွဲများပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် စိတ်ဓာတ်နှင့်လုပ်ရပ်ကို အတုယူတတ်စေရန်နှင့်အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အမြဲအောက်မေ့သတိရနေစေရန်ရည်ရွယ်၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊  အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ပုံတူဆွဲပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး စာအုပ်၊ စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)