မိုးညို ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ဇူလိုင် ၁၀ ရက်၊ နံနက် ၁၀ နာရီက ထိန်တောကျေးရွာအုပ်စုရှိ အ.ထ.က(ထိန်တော)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိသဉ္ဇာလှိုင်က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အိသဥ္ဇာလှိုင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ထိန်တော) Grade - 11မှ မသက်မှူးစံက လူငယ်နှင့်ပညာရေး၊ မသိမ့်ရတနာအောင်က လူငယ်နှင့်ကျန်းမာရေး၊ မောင်ခန့်ဇင်ဝင်းက လူငယ်နှင့်အားကစား၊ မောင်ကျော်ဇောလင်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်သူများနှင့်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်မိရပ်ဖများက အမှတ်တရလက်ဆောင်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)