လှိုင်သာယာ(အနောက်) ဇူလိုင် ၁၁
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အမှတ်(၉) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်-မြောက်)၊ အမှတ်(၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် (၁:၀၀)နာရီက အမှတ်(၈) အခြေခံပညာအထက်အတန်းကျောင်း ဟောခန်းမ၌ ပြုလုပ်သည်။
ဦးစွာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၆၈) ယာဥ်ထိန်းရဲတပ်ဖွဲ့စု လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဥာဏ်မင်းကိုကိုမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Quick Win အစီအမံ(၅)ရပ်၊ လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ခြေလျင်လျှောက်သူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ အနှေးယာဥ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စက်ဘီး၊ ဆိုင်ကယ် စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ စသည့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဗဟုသုတများအား ဟောပြောခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရွှေမန်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)