သာယာဝတီမြို့နယ်၌ ပဲကြော်မျိုးစုံလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

သာယာဝတီ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပဲကြော်မျိုးစုံလုပ်ငန်းများ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကိုသာယာဝတီခရိုင် စားအုန်းဆီ​ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ်အတွင်းရှိ ငွေဇင်လင်း မုန့်မျိုးစုံလုပ်ငန်း၊  "သိန်းသန်းဟိန်း" ပဲမျိုးစုံကြော်လုပ်ငန်းနှင့် "အရသာ" ပဲရွနှစ်ပြန်ကြော်နှင့် အာလူးကြော်လုပ်ငန်းများတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 သန့်ဇော် (ပြန်/ဆက်)