သတင်းများ

နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၂၀၀) အထက်/အောက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး
Jul 11,2026
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၂၀၀) အထက်/အောက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အစမ်းလေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အစမ်းလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် ရွှေဘိုစုကျေးရွာ၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ
Jul 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ သာယာဝဲ ကျေးရွာအုပ်စု၊ ရွှေဘိုစု ကျေးရွာ၊ ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
Jul 11,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ ဥတ္တရခရိုင်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ကိုထွေး၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ တက်ရောက်ကြသည်။
နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း ဥတ္တရခရိုင်/ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်‌ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ
Jul 11,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်/ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နှင့် လဲချားမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 11,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့နှင့် လဲချားမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင် ၁၀ ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကျိုင်းတုံမြို့နယ်တွင် ရေချောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးရေး သဲနုန်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နမ့်ခင်ချောင်း၊ နမ့်ဟတ်ချောင်း၊ နမ့်လပ်ချောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁၁ ရက်က မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစံပြစိုက်ခင်း သရုပ်ပြစိုက်ပျိုး
Jul 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစံပြစိုက်ခင်း သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာ တောင်သူဦးစိုင်းထွန်း၏ လယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။