သတင်းများ

တွံတေး၌ ၂၀၂၅ ခုနှစ် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းစစ်ဆေး
Oct 05,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ စစ်တောင်းလမ်းလမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ လှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ လူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်‌‌ဆေးပြီး ဆန်နှင့် စားသုံးဆီများ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာနေမှုအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ကြည့်ရှုစစ်ဆေး
Oct 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာထားရှိရာ စက်တင်ဘာ ၃ ရက်နေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးလျက်ရှိကြသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် ပစ္စည်းဖိုးငွေများပေးအပ်
Oct 05,2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Oct 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂၈၅) ခြေလျင် တပ်ရင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား ဆန်နှင့် စားသောက်ကုန်များပေးအပ်ခြင်းနှင့် သီတင်းကျွတ်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖွင့်လှစ်
Oct 05,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရမ်ပူရပ်ကွက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရမ်ပူ-၁)၌ သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်များ ရိတ်သိမ်း
Oct 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၁၆၀) တောင်သူ ဦးဝင်းနိုင်၏ မိုးစပါးစိုက်ဧက (၇)ဧကအား ယမန်နေ့ နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။