ညောင်ဦးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကျင်းပ

ညောင်ဦး ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်၊ ညနေ ၃ နာရီခွဲက ညောင်ဦးခရိုင် ပြည်သူ့အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊  ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်ခိုင်၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ဖွင့်ပွဲတွင် ပါဝင်ကူညီဖျော်ဖြေဆောင်ရွက်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့ကျောင်းသူများနှင့် Unplugged Club အဖွဲ့သားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က မိုးရာသီအလွတ်တန်း (ဘောလုံးပြိုင်ပွဲ) အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် ဘောလုံးအသင်း အားကစားသမားများ သစ္စာအဓိဌာန်ရွတ်ဆိုကြကာ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့ ကျောင်းသား/ကျောင်းသူများ၊ အေရိုးဗစ်ကျောင်း သူလေးများမှ ကပြဖျော်ဖြေကြပြီး၊ မိုးရာသီအလွတ်တန်း(အမျိုးသား)ပြိုင်ပွဲအား စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်နှင့် Unplugged Club တီးဝိုင်းအဖွဲ့သားများက ဘောလုံးပွဲမစတင်မီ ဧည့်ပရိတ်သတ်များအား သီချင်းများဖြင့် တီးခတ်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဒီပါလင်း