စစ်ကိုင်း ဇွန်၁
စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ် စာမေးပွဲများကို ဇွန်(၁) ရက်၊ မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ စစ်ကိုင်းမြို့(IBEC) ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်း တွင် အစိုးရဓမ္မာစရိယ စာမေးပွဲ ကို စတင်ဖြေဆိုခဲ့ကြကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မာစရိယ စာမေးပွဲကို ယနေ့ဇွန်(၁)ရက်မှ ဇွန်(၉)ရက်နေ့အထိ ဖြေဆို သွားမှာဖြစ်ပြီး စာရင်းရှိ သာမဏေ(၆)ပါး၊ ရဟန်း(၉၃၃)ပါး၊ သီလရှင်(၃၂၉)ပါးရှိရာ ယနေ့ လာရောက် ဖြေဆိုသူ သာမဏေ(၁)ပါး၊ ရဟန်း(၅၉၃)ပါး၊ သီလရှင်(၂၃၄)ပါး စုစုပေါင်း (၈၂၈)ပါး ဖြေဆိုခဲ့ကြ ကြောင်း ခရိုင်သာသနာရေးဦးစီးမှူးရုံး စာရင်းများအရသိရသည်။
ဓမ္မာစရိယ စာမေးပွဲဖြေဆိုရာသို့ (IBဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းစိန်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှူ့ကြည်ညိုခဲ့ကြပြီး ပါဠိပထမပြန် စာမေးပွဲကို ဇွန်(၇)ရက်နေ့မှ ဇွန်(၁၃)ရက်နေ့ အထိ လည်း ကောင်း၊ နိကာယ်စာမေးပွဲကို ဇွန်(၂၁)ရက်နေ့မှ ဇွန်(၂၅)ရက်နေ့အထိ လည်းကောင်း ဖြေဆိုသွား မည်ဖြစ်ကြောင်း ခရိုင်သာသနာရေးရုံးမှသိရသည်။
ဇော်မြင့်နိုင်