လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

လှိုင် ဇွန် ၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ​ဒေါက်တာ​ကျော်ဝင်း၏ အသိပညာပေး စာအုပ် တစ်အုပ် ဖြစ်သည့် ဒီမိုက​ရေစီ ဖက်ဒရယ်ပြည်​ထောင်စု နိုင်ငံတည်​ဆောက်ခြင်းစာအုပ်အား စာရေးဆရာ ဦးမင်းဆက်ပိုင်မှ အ​တွေးအ​ခေါ် ဗဟုသုတများ တိုးတက်လာ​စေရန်၊ တိုင်းပြည်ချစ်စိတ် နိုင်ငံချစ်စိတ် များ တိုးပွားလာ​စေရန်၊ အသိအမြင်လွဲမှားမှုများ မရှိကြစေရန်အတွက် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ လှိုင်မြို့နယ် စာရေးဆရာအသင်း အဖွဲ့ဝင်များ၊ သတင်းစာဆရာအသင်းနှင့် စာပေစိတ်ဝင်စားသူများ  တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းတွင် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ​ ဆွေး​နွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန္တာ​မေ(ပြန်/ဆက်)