ကြို့ပင်ကောက်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်း အဝေးကျင်းပ

 

ကြို့ပင်ကောက် ဇွန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာအကြီးအကဲများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန်လ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇင်မင်းဌေးက ယခုအချိန်မှာ လုံခြုံရေးကိစ္စရပ်များ အထူးအလေးထားဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကိစ္စရပ်များ၊ မြို့ပြ ကျေးလက် လမ်းတံတား တည်ဆောက်ရေးကိစ္စရပ်များအချိန်မီပြီးစီးရေး၊ သစ်တော ကြိုဝိုင်းများမှ တရားမဝင် သစ်များ ထုတ်ယူမှု မရှိစေရေး၊ ပညာရေးကိစ္စရပ်များကို ဆရာဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက် သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် ဆရာဆရာမများ၏ လုံခြုံရေးကို အထူး သတိရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် နွေစပါးများအောင်မြင်ဖြစ်ထွန်းရေး အထွက်နှုန်း တိုးတက် လာစေရေး၊ ဌာနဆိုင်ရာများ လုံခြုံရေး အထူးအလေး ထားဆောင် ရွက်ရန် အစရှိသော ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင် ရွက်သွားရန် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေး ညှိနှိုင်း ခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းခိုင်က လုံခြုံရေးကိစ္စဖြစ်သော ဖောက်ခွဲရေးလုပ်ငန်းများကို အချိန်မီ တာဆီး နိုင်ရေးအတွက် ဌာနဆိုင်ရာများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီကနေ့ မှာပင် ဗုံးအတုများဖြင့်ခြောက်လှန့်မှုနှစ်ခုကို ဖြေရှင်းပေးခဲ့ရကြောင်း ပြောကြားသည်။

ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်လင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)