သရက်ချောင်းမြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်

သရက်ချောင်း ဇွန် 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ မြို့မရပ်ကွက် မြို့မစျေးအတွင်း ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask Campaign ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ဆောင်ရွက်ကြရာတွင် စျေးအတွင်းသို့ ဝင်ရောက်လာသည့် စျေးရောင်းစျေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ ကို နှာခေါင်းစည်း Mask များအား တပ်ဆင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်သည့်နေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအသင်း အဖွဲ့ များမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်နီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နှာခေါင်းစည်း Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)