ရန်ကုန် မေ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေး ရွာ၊ စက်ရုံဝန်း၊ သီလဝါလမ်းမကြီးဘေးရှိ Leader One စက်ရုံ တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ် ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး ဦးဆောင်၍ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်းနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၅ စီးတို့ဖြင့် စက်ရုံဝန်ထမ်း များနှင့် ပူးပေါင်းဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၃ နာရီ မိနစ် ၃၅ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ် ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်းနှင့် ယင်းအထည်ချုပ် စက်ရုံတွင် အလုပ်သမား အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၁၃၇၈ ဦး စုစုပေါင်း အလုပ်သမား ၁၅၂၀ ဦးတို့ဖြင့် လုပ်ငန်းလည်ပတ် နေသော စက်ရုံဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)