နောင်ချို ဇွန် ၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချ ဆေးတိုက်ကျွေးခြင်း၊ ပေါင်ချိန်ခြင်းများကို ယနေ့နံနက်ပိုင်း က နောင်ချိုမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလေးနှင့်မိခင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေကာ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချ တိုက်ကျွေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများကို ပြည်သူ့ကျန်းမာရေးဌာနမှာ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လစဉ်ပုံမှန်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။ ထွေးငယ်