လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရွာသစ် ဇွန် ၇

စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန် မြင့်မားမှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဆွေဆွေအေးက စာဖတ်ဝိုင်း (Book Review) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာ ကျော်ကျော်လှိုင်၏ " တန်ဖိုးရှိသောနေ့" စာအုပ်ကို ရွာသစ်မြို့မှ စာပေချစ်မြတ်နိုးသူများအသင်းနှင့် (Woman club)အသင်းတို့က ဦးဆောင်ဆွေးနွေးကာ စာပေဝါသနာ ပါသူများကလည်း "ကျန်းမာရေးကောင်းသူက ပျော်စရာကောင်းတဲ့နေ့ကို ပိုင်ဆိုင်တယ်"၊ "ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုကို ပိုင်ဆိုင်ရင် အောင်မြင်သူပါ"၊ "သူတပါးကို အမြဲကူညီပါ" စသည့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွာသစ်