ပုလော ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်ချက်အရ တိုင်းဒေသကြီးပြင်ပသို့ သွားလာမည့် မိဘပြည်သူများအား ကိုဗစ်-၁၉ပိုး ရှိ/ မရှိကို ဇွန်လ၁၀ရက်နေ့မှ စတင်ကာ စစ်ဆေးပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ပေးရာတွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ အိမ်စီးကားများ၊ ခရီးသွားမည့်သူများမှ မိမိတို့နေထိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များရယူ၍ ပုလောမြို့နယ်ပြည်သူ့ဆေးရုံတွင် နံနက်၁၀နာရီ အချိန် စာရင်းပေးသွင်းသတင်းပို့၍ တနင်္လာနမှ သောကြာနေ့အထိ ကိုဗစ်-၁၉ရှိ/မရှိ REDဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အေးအေးမော်