နောင်ချို ဇွန် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့အဝင် ကျောက်ကြမ်းကျေးရွာတွင် ဇွန်လ ၁၁ ရက်နေ့နံနက်ပိုင်းမှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားသည့် ကာလများတွင်ထားရှိခဲ့သော မြို့ဝင် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလတွင် ခေတ္တပိတ်သိမ်းခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရှိလာ သည့်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ထားရှိရခြင်း ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)