သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ထောက်ပံ့

ရန်ကုန် ဇွန် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျှက်ရှိသော လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို (၁၆)ရပ်ကွက်အပိုင်း(၄)တွင် ယမန်နေ့က အိမ်တိုင် ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ် ဒုတိယ (၃)လပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား တစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆)ရပ်ကွက် အပိုင်း(၄)တွင် အသက် (၈၅)နှစ်နှင့် အထက် စုစုပေါင်းသက်ကြီး ဘိုးဘွား ( ၂၄ ) ဦးရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စန္ဒာမိုး