သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌     ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို   ယနေ့နံနက်(၈)နာရီက မြို့နယ်စည်ပင်သာယာရေး ဌာနရုံး ရှေ့တွင် ပြုလုပ်ခဲ့သည်။
မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများသိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Jul 22,2021
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို အသံချဲ့စက်များ၊ Hand Speaker များဖြင့် မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ သတိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ကမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 22,2021
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များရှိလာသဖြင့် မြို့ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့မီးသတ်တပ်ဖွဲ့များ ပူးပေါင်း ကာ ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖလမ်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Jul 22,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံ ကြေညာနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ Oxygen Plant စက်ကြီး(၂)လုံးနှင့် အောက်ဆီဂျင်အိုး (၇၀၀)လုံး၊ နှာခေါင်းစည်း (Mask)(၂၂၈၉)ဖာထပ်မံဝင်ရောက်
Jul 22,2021
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူ တင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က Oxygen Plant စက်ကြီး(၂)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၄၀)လီတာဆန့် အိုးအလွတ် (၇၀၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၂၈၉)ဖာ တို့ တင်ဆောင်လာသည့် မော်တော်ယာဉ်(၅)စီးတို့ ထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့နယ်အတွင်း ပျက်စီးနေရာများအား ကွင်းဆင်းစစ်ဆေး လိုအပ်သည်များ ကူညီဆောင်ရွက်
Jul 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ဇူလိုင် ၁၉ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့နယ်အတွင်း ပျက်စီးသွားသော နေရာများအား တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့ရှိ ပြည်သူ့ဆေးရုံ ၊ တိုင်းရင်းဆေးရုံ နှင့် ရေနံချောင်းတက္ကသိုလ်တို့ မှ QuarantineCentre များအား ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Jul 22,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာများထားရှိ သော မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် ရေနံချောင်းတက္ကသိုလ်တို့ မှ Quarantine Centre များအား မကွေးခရိုင်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ထူးက ယမန်နေ့ ညနေပိုင်းတွင် ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး Oxygen Plant ၊ Oxygen Plant ထားရှိမည့် အဆောက်အဦနှင့် Oxygen ဘူး ရရှိနိုင်ရေး ဆွေးနွေးဆုံးဖြတ်
Jul 22,2021
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။