ခိုင်ကမ်း ဇူလိုင် ၂၂
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များရှိလာသဖြင့် မြို့ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့မီးသတ်တပ်ဖွဲ့များ ပူးပေါင်း ကာ ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အတွင်း နေထိုင်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ် မနေ အကြောင်းကိစ္စဆောင်ရွက်ရန် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းနှင့် မိမိနေအိမ်သို့ မလိုအပ်ပဲ ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း မပြုရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ အကြာ ဆေးကြောသန့်စင်ရန်၊ လူစုလူဝေး ရှောင်ကြည်ရန်၊ မိမိအိမ် မိမိနေရာများကို လေဝင် လေထွက် ကောင်းအောင် ပြုပြင်ထားရှိရန်၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ရန်၊ နှာခေါင်စည်း တပ်ဆင်ထားခြင်း မရှိသောသူနှင့် စကားပြောခြင်း ဈေးဝယ်ခြင်းနှင့် တွေ့ဆုံခြင်းတို့မှ ရှောင်ကြဉ်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည် ညွှန်ကြားချက် များ၊ တားမြစ်ချက်များ၊ အသိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ကြရန် စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်