သတင်းများ

မိုင်းယောင်း၌ မိုးအဆက်မပြတ်ရွာသွန်းပြီး လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားခြင်းကြောင့် အန္တရာယ်မဖြစ်ပွားရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် လူမှုရေးအသင်းအဖွဲ့များတွေ့ဆုံ
Jul 20,2021
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွာငံမြို့နယ်တွင် အောက်ဆီဂျင်စက်အသစ်(၁)လုံး ဝယ်ယူတပ်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် အောက်ဆီဂျင်စက်ရုံ အသစ်(၁)လုံး တည်ဆောက်နိုင်ရေးအား ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေများ ပေးအပ်ပွဲကျင်းပ
Jul 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာများအတွက် Liquid Oxygen ၄၀ လီတာ လှောင်အိုးကြီး အလုံး ၃၀ အဆင်သင့်ထားရှိ
Jul 20,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ကုသနေ သော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ညောင်ဦးမြို့နယ်အတွင်း Liquid Oxygen လိုအပ်နေသော လူနာများအတွက် ညောင်ဦးမြို့၊ ပုဂံမြို့ခံ လူမှုအကျိုးပြုပရဟိတအသင်းများမှ ဦးဆောင်ကာ ယမန်နေ့ နံနက် ၄ နာရီခွဲအချိန်မှ စတင်၍ ညောင်ဦးမြို့မှ ထွက်ခွာပြီး ပြင်ဦးလွင်မြို့ရှိ Liquid Oxygen စက်ရုံသို့ အောက်ဆီဂျင်သွားရောက် ဖြည့်တင်းပြီး ပြန်လည်ရောက်ရှိလာပြီဖြစ် ကြောင်း မြို့ခံလူမှုအကျိုးပြု ပရဟိတအသင်းများထံက သိရသည်။
တောင်ကုတ်မြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်အိုးများရောက်ရှိ
Jul 20,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ပံ့ပိုးကူညီမှု မြိုမိမြို့ဖ ဦးကျောက်တောင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ် ဆောင်ရွက်မှုဖြင့် အရေးပေါ် လိုအပ်လျက်ရှိသော အောက်စီအိုး များ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် တောင်ကုတ်မြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသခံပြည်သူများအသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်စက် သစ်ကြီးများ လားရှိုးမြို့၌တပ်ဆင်
Jul 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အောက်ဆီဂျင်စက်သစ်ကြီး (၃)လုံးမှာ တရုတ်ပြည့်သူ့သမ္မတနိုင်ငံမှတစ်ဆင့် လားရှိုးမြို့သို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း Oxygen စက်ရုံ တည်ဆောက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း Oxygen စက်ရုံ တည်ဆောက်သွားမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကို ယမန်‌နေ့ နေ့လယ်(၁) နာရီခွဲအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။