ချင်းရွှေဟော်နယ်စပ်ဂိတ်မှ Oxygen Plant စက်ကြီး(၂)လုံးနှင့် အောက်ဆီဂျင်အိုး (၇၀၀)လုံး၊ နှာခေါင်းစည်း (Mask)(၂၂၈၉)ဖာထပ်မံဝင်ရောက်

ချင်းရွှေဟော်    ဇူလိုင်  ၂၂

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက်  တရုတ်နိုင်ငံမှ ဝယ်ယူ တင်သွင်းသည့်  ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က Oxygen Plant စက်ကြီး(၂)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၄၀)လီတာဆန့် အိုးအလွတ် (၇၀၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၂၈၉)ဖာ တို့ တင်ဆောင်လာသည့် မော်တော်ယာဉ်(၅)စီးတို့ ထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော ကျန်းမာရေးအထောက်အကူပစ္စည်းများမှ  Oxygen Plant   စက် ကြီး(၂)လုံးမှာ စက်ကြီးတစ်လုံးလျှင် တစ်ရက်လျှင် အောက်ဆီဂျင်(၄၀)လီတာဆန့် အိုး(၇၇)လုံး ထုတ်လုပ်နိုင်သည့် စက်များ  ဖြစ်ပြီး ၎င်းစက်(၂)လုံးအား   လားရှိုးမြို့ ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ များကုသရေ:တွင်အသုံးပြုနိုင်ရန်အတွက် လားရှိုးမြို့သို့ဆက်လက်  ပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့်  ကျန်ရှိသည့် အောက်ဆီဂျင်အိုးအလွတ်(၇၀၀)လုံး  နှင့် နှာခေါင်းစည်း(Mask)(၂၂၈၉)ဖာ တို့အား ချင်းရွှေဟော်မြို့၊ စီတိုဂိုဒေါင်နှင့် ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်၊ ရွှေတြိဂံဂိုဒေါင်များ၌ ခေတ္တချထားပြီး ၎င်းဂို ဒေါင်များမှတစ်ဆင့်  မြန်မာနိုင်ငံအတွင်းမြို့နယ်များသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှတင်သွင်းလာခဲ့သည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများမှာ ဇူလိုင် ၁၅ ရက်နေ့ မှ ဇူလိုင် ၂၁ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်အထိ​ တစ်လုံးလျှင် အောက်ဆီဂျင်(၄၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ် စုစုပေါင်း(၈၇၂၀)လုံး ၊   ဆက်စပ်ပစ္စည်းများဖြစ် သည့်   အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၆၁)ခု၊  နှာခေါင်းစည်း (Mask)(၇၉၈၄)ဖာ ၊ တရုတ်နိုင်ငံထုတ်သောက်ဆေး(၂၈၀)ဖာ၊  အောက်ဆီဂျင် ညှပ်တိုင်းစက် (၁)ဖာလျှင်(၉၆)ခုပါ(၈)ဖာ နှင့် Oxygen Plant စက်ကြီး(၂)လုံးတို့ ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)