မကွေး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာများထားရှိ သော မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် ရေနံချောင်းတက္ကသိုလ်တို့ မှ Quarantine Centre များအား မကွေးခရိုင်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ထူးက ယမန်နေ့ ညနေပိုင်းတွင် ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး Call Center မှအဖွဲ့ဝင်များ Quarantine Centre များမှ စေတနာ့လုပ်အားပေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ နှင့် မြို့နယ်အရံမီးသတ်အဖွဲ့များ နှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ လူနာများအား ရောဂါကုသပေးနေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ