ဖြူးမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သည့် အောင်ဆီဂျင်စက်တည် ဆောက်သွားမည်
Jul 27,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနေသူများ အောင်ဆီဂျင် လိုအပ်ချက်များအတွက်နှင့် ကျန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် အောင်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေး ရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။