သတင်းများ

တပ်ကုန်းမြို့နယ်၌  ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေး
Jul 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာအုပ်စု၊ စိန်ပန်းပင် ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ မတည်ရန်ပုံငွေများ ဒုတိယအကြိမ်   ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ စာသင်ကျောင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့် ဝန်ထမ်းများက  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ကျေးရွာအုပ်စုများရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား Mask နှင့် Hand Gel များ ထောက်ပံ့
Jul 27,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသ ကျေးရွာအုပ်စုများရှိ ကျေးရွာများ၌ ပြည်သူများမှ ဆောင်ရွက် လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ယနေ့ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကွမ်းလုံမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများကို မနေ့က ဆောင်ရွက်ခဲ့ကြသည်။
လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် PPE နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်ကြယ်တစ်ပွင့်ဆရာတော်(ရှမ်းရွာ)မှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
မြိတ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်မည့် Oxygen Plant စက် ဩဂုတ်လတွင် မြိတ်မြို့သို့ ရောက်ရှိ တပ်ဆင်မည်
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန် အတွက်  Oxygen Plant စက်ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားရှိပြီး ဩဂုတ်လအတွင်း မြိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Jul 27,2021
ရှမ်းပြည်နယ်‌(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူ ငွေများလှူဒါန်း
Jul 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ ကြသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး (၁၁၀၅)လုံး နှင့် အခြားကျန်းမာရေးအထောက်အကူပစ္စည်းများ ထပ်မံဝင်ရောက်
Jul 27,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၁) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင် (၄၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၇၀၀)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၃၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၁၉၂)လုံး၊ (၃၈)လီတာဆံ့ အောက်ဆီဂျင်အိုးအလွတ် (၂၁၃)လုံး၊ (Medical Regulator) (၁)ဖာလျှင်(၂၀)ခုပါ(၂၆)ဖာ၊ နှာခေါင်းစည်း (Mask) (၉၀၀၆)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၁၃)လုံး PPEဝတ်စုံ (၇၇၄)ဖာ၊ Oximeter (၁)ဖာလျှင် (၁၀၀)ခုပါ (၁)ဖာ၊ ဆေးဖာ(၁၁၀)ဖာတို့အား တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။