သတင်းများ

ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေးအတွက် စုပေါင်းစစ်ဆေးရေးဂိတ်( ၃ )ဂိတ်ဖြင့် အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိ
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေးအတွက် ယမန်နေ့ နံနက် ၆နာရီမှ စတင်၍ စုပေါင်းစစ်ဆေးရေးဂိတ်(၃)ဂိတ်ထားရှိ၍   အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီနှင့် ဌာနတာဝန်ရှိသူများက  လှည့်လည်ကြည့်ရှု  အားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလိုက်နာရမည့်အချက်များအား ရှမ်းဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာပေးနှိုးဆော်
Jul 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်   ဌာနဆိုင်ရာ အဖွဲ့ အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ သည်။
မြဝတီမြို့၌ သောင်ရင်းမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးမှုဖြစ်ပွားသဖြင့် လူဦးရေ ၁၄၀၀ ကျော် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့
Jul 27,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ယမန်နေ့ ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်း၍ အဆိုပါ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများတွင် ရေကြီးမှုဖြစ်ပွားခဲ့သည်။
ဘီးလင်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့
Jul 27,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဇုတ်သုတ်ကျေးရွာနှင့်သစ်တိုကျွန်းကျေးရွာများမှ လေဘေးသင့် ပြည်သူများအားလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌  ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့တွင် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံများမကြာမီတည်ဆောက်နိုင်တော့မည်
Jul 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ မကြာမီကာလအတွင်း စက်ရုံများ စတင်တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များရှိ လမ်းများနှင့် ကျေးရွာရှိအချို့ ရေနစ်မြုပ်
Jul 27,2021
သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် သံတွဲမြို့ ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။
ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ရပ်ကွက်များအတွင်း ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Jul 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ယမန်နေ့ မွန်းလွှဲပိုင်းအချိန်က လမ်းမတော်လမ်းတစ်လျှောက်၌ ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာပေးလျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးနိုင်မည့် Test Center (၄) နေရာ ဖွင့်လှစ်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ အခမဲ့ စမ်းသပ် စစ်ဆေးနိုင်မည့် Test Center များ တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ‌ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်၊ အဖွဲ့ဝင်(၄)  ဦးဇော်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိ သူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။