သတင်းများ

ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှု သရုပ်ပြသခြင်း ဆောင်ရွက်
Jul 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ဇရပ်ဖြူကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းအမှတ်(၁၆၀) တောင်သူ ဦးမြင့်သိန်းကို၏ လယ်မြေ (၁)ဧကတွင် ယနေ့နံနက်(၈)နာရီခွဲက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုး မှုသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ချောင်းရေချိန်စိုးရိမ်ရေမှတ်ထက်ကျော်လွန်၍ ရေဘေးရှောင်အိမ်ထောင်စု(၈၈)အုပ်စုအား ပြောင်းရွေ့နေရာချထားပေး
Jul 27,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်ရေ ကျဆင်းလာ သဖြင့် လှိုင်းဘွဲချောင်း၏ စိုးရိမ်ရေအမှတ်(၉၈၀)စင်တီမီတာမှ(၁၀၄၀)စင်တီမီတာသို့ ရောက်ရှိပြီး မြို့ပေါ်ရှိရပ်ကွက်အချို့တွင် ရေများဝင်ရောက်လာသဖြင့် အိမ်ထောင်စုများ ပြောင်းရွေ့နေရာချထားပေး ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက Dead Body နှင့် အလှူငွေများ လှူဒါန်း
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက Dead Body(၈၀)အိတ်နှင့် အလှူငွေ များကို ယမန်နေ့ နံနက်ပိုင်းက အသီးသီး လှူဒါန်းခဲ့သည်။
မင်းလှမြို့နယ်၌ အောက်ဆီဂျင်လုံလောက်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 27,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးမှူး၍ မင်းလှမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးဌာန Test Center ဖွင့်လှစ်မည့်နေရာကြည့်ရှု
Jul 27,2021
  ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၁၀၆) ရပ်ကွက် လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်းရှိ အောင်မြင့်မိုရ်အိမ်ရာ ဓမ္မာရုံတွင် ပြည်သူလူထု အခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဌာန Test Centerဖွင့်လှစ်မည့်နေရာအား ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၀မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှုခဲ့သည်။
မင်းလှမြို့နယ်၌ အောက်ဆီဂျင်လုံလောက်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 27,2021
မင်းလှ ဇူလိုင် ၂၇ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးမှူး၍ မင်းလှမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး
"ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးအတွက် တစ်နာရီမှာ အောက်ဆီဂျင် ၄၀ လီတာအိုး ၄လုံး ထုတ်လုပ် ပေးနိုင်မယ့် စက် ၂ လုံးကိုလာမည့် စက်တင်ဘာလ ပထမပတ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိပါတယ် " ဟု ထားဝယ်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောကြား
Jul 27,2021
မြန်မာနိုင်ငံအတွင်းမျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာသဖြင့် ကူးစက်ခံရသူ အရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်ပတ်သက်၍ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
သရက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေကျပ် (၃၃) သိန်း လှူဒါန်း
Jul 27,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ က ကျင်းပခဲ့သည်။