ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မြို့နေပြည်သူ (၁၅၈၂) ဦးအား တစ်ကြိမ်စီ ထိုးနှံပေးပြီးဖြစ်
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် နိုင်ငံတော်မှ မြို့နယ်အတွက်ရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံး(၂၁၅၀)ဖြင့် ရဟန်း သံဃာသာသနာ့ဝန်ထမ်းများ၊ အခြားဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူ များအားထိုးနှံပေးလျက်ရှိရာ ခရိုင် ပြည်သူ့ကျန်းမာရေးဌာန၏ သြဂုတ်လ ၄ ရက်နေ့စာရင်းအရ (၁၅၈၂)ဦးအား ထိုးနှံ့ပေးပြီးဖြစ်ကာ ယနေ့သြဂုတ်လ ၅ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။