လှိုင်းဘွဲ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်ကားရာနေရာများတွင် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ကို စုရပ်(၅)နေရာတွင် ဩဂုတ်လ(၁) ရက်နေ့မှ နေ့စဉ်နံနက်(၉)နာရီတွင် ဦးစားပေးအုပ်စုများအလိုက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် မိဘပြည်သူများကိုလည်း ရရှိသည့်ဆေးများ ကုန်ဆုံး သည့်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းစသည့် အချက်များကို လိုက်လံနှိုးဆော်ခဲ့သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်း ချုပ်နိုင်ရေးအတွက် မိမိတို့ နေအိမ်(သို့မဟုတ်) အဆောင်များ တွင်သာနေထိုင်ရန်၊ စားသောက်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)အပါအ ဝင် လိုအပ်သော ရောဂါကာကွယ်ရေး အစီအမံများဖြင့်သွားလာရန်၊ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များကိုလည်း နှိုးဆော်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်နှင့် ရောဂါကူး စက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို လှိုင်းဘွဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မီးသတ်ဦးစီးဌာနတို့က နံနက်(၈)နာရီတွင် နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)