သတင်းများ

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက်ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 05,2021
           မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှကြီးမှူး၍မင်းလှမြို့နယ်တွင် တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ‌‌‌‌‌‌‌‌၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် ရည် ရွယ်၍  မီးသတ်ဦးစီးဌာနနှင့် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေးအသိ ပညာပေးနှိုးဆော်ခြင်းနှင့်ကိုဗစ်ကာကွယ်ဆေး (Sinophram)
တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကြေညာချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်
Aug 05,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာ မရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်(၄)ရပ်ကွက်၌ ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ခန္တီကျေးရွာအုပ်စုတွင်အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 05,2021
            တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စု တွင် ကာကွယ်ဆေးမထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ခန္တီကျေးရွာ ရွာဦးကျောင်းဓမ္မာရုံ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 05,2021
    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး အလှူရှင်များက လှူဒါန်းလျက်ရှိ
Aug 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ် ကျောင်း တိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကို လှူဒါန်းလျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး
Aug 05,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းကို ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌  ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။