ချမ်းမြသာစည်မြိုနယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ချမ်းမြသာစည်  ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အသက်(၆၅) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား ယနေ့နံနက်၉ နာရီအချိန်မှ စတင်ကာ မြို့သစ်အမှတ်(၃)ရပ်ကွက် အထက ၃၀  တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇူလိုင်လ(၂၄)ရက်နေ့က စတင်ပြီး ရပ်ကွက်အလိုက် ဆေးထိုးစုရပ် ငါးနေရာတွင်အဖွဲ့ ငါးဖွဲ့ခွဲ၍ ထိုးနှံပေးခဲ့ကြောင်း၊ ဆက်လက်ပြီး ရဟန်း၊ သံဃာများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ယနေ့အထိ အလုံး(၈၅၁)လုံး ရရှိကြောင်း၊ ကာကွယ်ဆေး တစ်လုံးလျှင်နှစ်ဦးနှုန်းဖြင့်  ဦးစားပေးအစီအစဉ် အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့အချိန်ထိ(၁၇၀၂)ဦး ထိုးနှံပေးပြီးကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှသိရသည်။

မြို့နယ်(ပြန်/ဆက်)