ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေး စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ် တိုင်းမှူးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အင်းစိန်မြို့နယ်ရှိ အမှတ်(၁)စိုက်ပျိုး/မွေးမြူရေးစခန်းသို့ သွားရောက်၍ အဆိုပါစိုက်ပျိုး /မွေးမြူရေးစခန်း၌ နိုဗိုဂျင်ဘရောင်းအမျိုးအစား ဥစားကြက် တစ်ခြံလျှင် အကောင်ရေ ၁၀၀၀၀ )နှုန်းဖြင့် ခြံ( ၂ )ခြံတွင် ဥစားကြက် အကောင်ရေ(၂၁၀၀၀) မွေးမြူထားရှိပြီး တစ်နေ့လျှင် ကြက်ဥ(၁၈၀၀၀)လုံး ခန့်ထွက်ရှိမှုကိုလည်းကောင်း ငါးမွေးမြူရေကန် (၆)၌ ငါးတန်၊ငါးမုတ်ငါးမြစ် ချင်းမြက်စား ငါးကြင်း၊ ငါးခေါင်းပွ စသည့်ငါးအကောင်ရေစုစုပေါင်း (၂၃၅၀၀)မွေးမြူထားရှိမှုကိုလည်းကောင်း Cooling Pad စနစ်ဖြင့် Hydro poalc မြေလွှာနည်းပညာသုံး စိုက်ပျိုးရေးခြံများဆောင်ရွက်ထားရှိမှု၊ Green House ၈ လုံးဖြင့်စိုက်ပျိုး ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်ကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများသည် မင်္ဂလာဒုံမြို့နယ်အမှတ်(၃) စိုက်ပျိုး/မွေးမြူရေးစခန်းသို့ သွားရောက်၍ အဆိုပါ စိုက်ပျိုး/မွေးမြူရေးစခန်း၌ နိုဗိုဂျင်ဘရောင်း အမျိုးအစား ဥစားကြက် အကောင်ရေ( ၁၀၀၀၀ ) မွေးမြူထားရှိပြီး တစ်နေ့လျှင် ကြက်ဥ(၈၅၀၀) လုံးခန့် ထွက်ရှိမှုကိုလည်းကောင်းငါးမွေးမြူရေကန် ( ၁၂)၌ ငါးတန်၊ငါးမုတ်၊ငါးမြစ်ချင်း၊ မြက်စားငါးကြင်း၊ ငါးခေါင်းပွ စသည့် ငါးအကောင်ရေစုစုပေါင်း(၁၁၀၀၀၀) မွေးမြူထားရှိမှုကို လည်းကောင်း၊ DYLဝက်အမျိုးအစား ခြံ(၃)ခြံ၌ ဝက် အကောင်ရေ( ၁၂ဝ )မွေးမြူထားရှိမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီးပြည်သူများအသား ၊ ငါး နှင့်ကြက်ဥပေါ်များစွာစားသုံးနိုင်ရန်အတွက် စဉ်ဆက်မပြတ် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ အားမှာကြားသည်။
နေ့စဉ်လူနေမှုဘဝတွင် စားရေးသည် အဓိကကျသောကြောင့် တပ်မတော်အနေဖြင့် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများအား စနစ်တကျအောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်၍ တာဝန်ထမ်းဆောင်လျက်ရှိသော ထပ်မတော်သားများအတွက် ရိက္ခာစိုပေးသွင်းခြင်း ၊မိသားစု ဝင်များ သက်သာချောင်ချိရေးအတွက် ရောင်းချပေးတို့အပြင် ဒေသအတွင်းကုန်ဈေးနှုန်းတည် ငြိမ်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ထွက်ရှိလာသော အသား၊ ငါး ၊ ဟင်းသီးဟင်းရွက်ဥနှင့် နို့များကို ပြည်သူများသက်သာစွာဝယ်ယူစားသုံးနိုင်ရေးစဉ် ဆက်မပြတ်ရောင်းချပေး လျက်ရှိကြောင်း သိရှိရသည်။
ဆန်းကျော်ဦး