ကြံခင်း ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတာ ကာလအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ အရပ်ရပ် အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့် ရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်တမ်းတိုးရောင်းချပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတာကာလအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ရှိ အရပ်ရပ်အခွင့်အရေး လိုင်စင်(၄၂)ခုအား သက်တမ်းတိုးစနစ်ဖြင့် ရောင်းချခဲ့ရာ(၃၇)ခုရောင်းချခဲ့ရပြီး စုစုပေါင်းလိုင်စင် တန်ဖိုးငွေကျပ်သိန်း(၇၉,၆၇၉,၀၀ဝိ/-)ဖြင့် ရောင်းချခဲ့ကြောင်းနှင့် ကျန်ရှိနေသော လိုင်စင်(၅)ခုအား(၁၈-၈-၂၀၂၁)ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)