သံတောင်ကြီး ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသို့သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေး တိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်း ပါဝင်လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)