သတင်းများ

ချောင်းသာမြို့ရှိ ဆေးခန်းနှင့် ဆေးအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခြင်း
Aug 07,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချလျှက်ရှိသော စျေးဆိုင် များကို ယနေ့နံနက် (၉) နာရီအချိန်တွင် တာဝန်ရှိသူ လူကြီးမင်းများက လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။
ရေကြည်မြို့နယ်တွင်ဆေးဆိုင်များဖွင့်လှစ်မှုရှိ/မရှိနှင့် ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အခြေခံဆေးဝါးများလုံလောက်မှုရှိ/မရှိလိုက်လံစစ်ဆေး
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်များအရမြို့နယ်အတွင်းရှိ ဆေးဆိုင်များ နေ့စဉ် ဖွင့်လှစ်မှုရှိ/မရှိ၊ ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အခြေခံဆေးဝါးများ လုံလောက်မှု ရှိ/မရှိ၊ သောက်သုံးရန်မသင့်သည့် ဆေးဝါးများ ရောင်းချခြင်းရှိမရှိ နှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်း ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမျိုးမြင့်အောင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွှန့် ၊မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသူကျော် ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မြို့မစျေးအတွင်းရှိဆေးဆိုင်များအားလိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ငပလီမြို့ရှိ အသက်(၆၀) နှစ်နှင့်အထက်အဘိုးအဘွား များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) ပထမအကြိမ်ထိုးနှံ
Aug 07,2021
သံတွဲခရိုင် ၊ ငပလီမြို့၌ အသက် (၆၀)နှစ်နှင့်အထက် အဘိုးအဘွားအား တရုတ်ပြည် သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ငပလီမြို့ ၊ အမက(မူလွန်) ကျောင်းတွင် နံနက် (၁၀) နာရီက စတင်ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။
နန်းယွန်းမြို့ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် ဓာတ်ဆီ(၆)ဂါလံထောက်ပံ့လှူဒါန်း
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့နယ်၊ မြို့အဆင့်ကိုဗစ်-၁၉ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မြို့ပေါ်(၃)ရပ်ကွက်အတွင်းကိုဗစ်ရောဂါကာကွယ်၊ တားဆီးရေးအသိပေးလုပ်ငန်းများကို မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များနေ့စဉ် အရှိန်အဟုန်မြှင့်နှိုးဆော်ဆောင်ရွက်လျက်ရှိရာ ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးအသိပေးလုပ်ငန်း လည်ပတ်နိုင်ရေးအတွက် ဓာတ်ဆီ (၆)ဂါလံကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ရိုးရာဥက္ကဋ္ဌ ဦးနောက်ယဉ်းထံ ထောက်ပံလှူဒါန်းပေးခဲ့သည်။
လားရှိုးမြို့၌ ပရဟိတအဖွဲ့များအား စက်သုံးဆီနှင့်ကာကွယ်ရေးသုံးပစ္စည်များ ထောက်ပံ့ပေးအပ်
Aug 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း တွင် လားရှိုးမြို့ရှိပရဟိတအသင်းအဖွဲ့များမှလည်းနေ့စဉ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပရဟိတ အသင်းအဖွဲများ၏ မော်တော်ယာဉ်အတွက်စက်သုံးဆီနှင့် ကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် PPE ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို  ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
ကျောက်တော်မြို့၌ ရပ်ကွက်နေအသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများနှင့်ပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 07,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်နေပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ရပ်ကွက်အလိုက်ရက်သတ်မှတ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံတွင်အသုံးပြုရန် အသစ်မှာယူထားသော မီးစက် ကျောက်မြို့နယ် ပြည်သူ့ ဆေးရုံသို့ စတင်ရောက်ရှိ
Aug 07,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါအမြန်ကုစားနိုင်ရေးအတွက် လိုအပ်သောအောက်ဆီဂျင်များ လုံလောက် စွာ ထုတ်လုပ်နိုင်ရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် စေတနာရှင်၊ အလှူ ရှင်များ ထံမှထည့်ဝင်လှူဒါန်းငွေဖြင့် အသစ်မှာယူထားသော လျှပ်စစ်မီးစက်မှာ ယနေ့ နံနက်ပိုင်း၌ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံသို့ စတင်ရောက်ရှိလျှက်ရှိကြောင်းသိရသည်။