လားရှိုး ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း တွင် လားရှိုးမြို့ရှိပရဟိတအသင်းအဖွဲ့များမှလည်းနေ့စဉ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပရဟိတ အသင်းအဖွဲများ၏ မော်တော်ယာဉ်အတွက်စက်သုံးဆီနှင့် ကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် PPE ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းက ပရဟိတယာဉ်(၃၆)စီးအတွက် စက်သုံးဆီ(၂၅)ဂါလံအားလည်းကောင်း၊ လားရှိုးမြို့ ပညာရေးကောလိပ်ကုသရေးစင်တာအတွက် စက်သုံးဆီဂါလံ(၁၀၀)အားလည်းကောင်း၊ ငွေကျပ်(၁၉)သိန်း တန်ဖိုးရှိ PPE ဝတ်စုံ(၂၀၀)အားလည်းကောင်းထောက်ပံ့ပေးအပ်ရာ ပရဟိတအသင်းတာဝန်ခံများက လက်ခံ ရယူခဲ့ကြောင်းသိရသည်။
ဥမ္မာချို