သတင်းများ

ဂွမြို့နယ်တွင်ယနေ့သံသယလူနာ(၁၈)ဦး၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ၊
Aug 07,2021
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ဂွမြို့နယ်တွင်ယနေ့သံသယလူနာ (၂၀)ဦးကို စစ်ဆေးခဲ့ရာသံသယလူနာ(၁၈) ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်းသိရသည် ။
ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2021
ကချင်ပြည်နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများ၊မြေပြိုကမ်းပြိုမှုများ အပါအဝင် သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များကြောင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့ ခံစားရမှု လျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ ပြန်ရေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မြဝတီမြို့ မှတစ်ဆင့် ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်များအား  လက်ခံကြိုဆို
Aug 07,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့မှ တစ်ဆင့်  ဘုန်းပွင့်စံမော်တော် ယာဥ်လိုင်းဖြင့်  ယနေ့ နေ့လည် ၁၂နာရီအချိန်က   ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရပ်ကွက် / ကျေးရွာ များရှိ  နေရပ်ပြန်များအား မြို့နယ်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော် မတီဝင်များမှ ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက် မြို့မအားကစားကွင်းတွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရ သည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၁၂)ဦးထပ်မံစစ်ဆေးတွေ့ရှိ
Aug 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံ၌ သြဂုတ် (၃)ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး  တွေ့ရှိခဲ့သည့်အမျိုးသားနှင့်ဆက်စပ်သူ  များ၊သြဂုတ် (၆)ရက်နေ့က ကျေးသီးမြို့မရဲစခန်းမှရဲဝန်ထမ်း(၃)ဦးသည် အနံ့မရရှိသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသ၍ RDTစက်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယင်းတို့နှင့်ဆက်စပ်သူများ စုစုပေါင်း(၃၉)ဦးအား  သြဂုတ် (၆ )ရက်နေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးခဲ့ရာအဆိုပါ(၃၉)ဦးအနက်(၁၂)ဦး၌ ရောဂါပိုးစစ်ဆေးတွေ့ရှိ  ကြောင်းသိရသည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Aug 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်မဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးဆော်ဩဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ
Aug 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈  နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည်  မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်တုံပြန်ရေးကော်မတီနှင့် ပရဟိတအသင်းများ တွေ့ဆုံဆွေးနွေး
Aug 07,2021
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်တုံပြန်ရေး ဂန့်ဂေါခရိုင်အဆင့် ကော်မတီနှင့် မြို့နယ်အဆင့်ကော်မတီ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းများသည် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် သြဂုတ် ၆ ရက်နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။
မြို့ရွာဖွံဖြိုးရေး ဦးစီးဌာန(လွိုင်ကော်)စခန်းသာယာရေး ကော်မတီမှ တိုက်ခန်း(၃ဝဝ) အတွက် အခြခံစား​ သောက်ကုန်သုံးမျိုးနှင့် ​ရွှေလွိုင်ကော် ပရဟိတအသင်းအတွက် ငွေကျပ် (၅)သိန်း ပေးအပ်လှူဒါန်း
Aug 07,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ မြို့ရွာနှင့် ဖွံဖြိုးရေး ဦးစီးဌာန၊ စခန်းသာယာရေး ကော်မတီမှ ယနေ့နံနက် ၁၁ နာရီအချိန်က အဝေရာ ဓမ္မာရုံတွင် ရွှေလွိုင်ကော် ပရဟိတအသင်းအား ငွေကျပ်(၅)သိန်းနှင့် မြို့ရွာအိုးအိမ် အခန်းပေါင်း (၃၀၀) အတွက်ကြက်ဥ အလုံးသုံးထောင်၊ ကြက်သွန်အချိန် (၁၇၀)နှင့် ကုလားပဲအချိန်(၆၀)ကို အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ (၅) ဆယ်သား ကုလားပဲ ၂၅ ​ကျပ်သား တို့အား ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့သည်။