ငပလီမြို့ရှိ အသက်(၆၀) နှစ်နှင့်အထက်အဘိုးအဘွား များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) ပထမအကြိမ်ထိုးနှံ

ငပလီ  ဩဂုတ် ၇

သံတွဲခရိုင် ၊ ငပလီမြို့၌ အသက် (၆၀)နှစ်နှင့်အထက် အဘိုးအဘွားအား တရုတ်ပြည် သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ငပလီမြို့ ၊ အမက(မူလွန်) ကျောင်းတွင် နံနက် (၁၀) နာရီက စတင်ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။

ထိုသို့ ထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံ သည့် အသက်(၆၀)နှစ်နှင့်အထက် အဘိုးအဘွားများကို သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း ၊ ကိုယ်ပူ ချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်ပေးခြင်းများကို စစ်ဆေးဆောင်ရွက်ပြီးမှ သတ်မှတ်နေရာ များတွင် စနစ်တကျထိုးနှံပေးခဲ့ပြီး ထိုးနှံပြီးသူများကို မိနစ် (၃၀) ခန့် သတ်မှတ်နေရာများတွင် စောင့်ဆိုင်းကာ ကျန်းမာရေးဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ငပလီမြို့ ခွဲတမ်းအဖြစ် ကာကွယ်ဆေးအလုံးရေ (၂၀၀) လုံးအား နံနက် (၁၀) နာရီမှ နေ့လည်(၁၂) ရီအချိန်ထိ ထိုးနှံပေးခဲ့ရာ သံဃာတော် (၃) ပါး ၊ အသက်(၆၀) နှင့်အထက် အဘိုး အဘွား (၂၄၀) ဦး ၊ ဝန်ထမ်း (၁၀) ဦး ၊ ဝန်ထမ်းမိသားစု (၅) ဦး စုစုပေါင်း (၂၄၈) ဦး အထိထိုးနှံပေးခဲ့ပြီး နေ့လည် (၂)နာရီမှ (၄) နာရီအချိန်တွင် အသက် (၆၀)နှင့်အထက် (၁၀၂) ဦးနှင့် ငပလီမြို့ စေတနာ့ဝန်ထမ်းများ (၅၀) ဦးတို့ကို ဆက်လက်ထိုးနှံသွားမည့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံနေရာသို့ သံတွဲမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများက လာရောက်ကြည့်ရှုအားပေးခဲ့ ပြီး ငပလီမြို့စေနာ့ဝန်ထမ်းများ ၊ ပရဟိတအဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် သက်ကြီးဘိုးဘွားများကို ကူညီဆောင်ရွက်ပေးလျက်ရှိကာ ငပလီမြို့တွင် sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၀၀) လုံးအား ပြည်သူလူထု (၄၀၀) ဦးအတွက် ထိုးနှံပေးသွားမည့် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ရန်ြငိမ်း