ချောင်းသာ သြဂုတ် ၇
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချလျှက်ရှိသော စျေးဆိုင် များကို ယနေ့နံနက် (၉) နာရီအချိန်တွင် တာဝန်ရှိသူ လူကြီးမင်းများက လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။
ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ဆေးဆိုင်များအား နေ့စဥ်ပုံမှန်ဖွင့်လှစ်ပေးရန်၊ လိုအပ်သော ဆေးဝါးများနှင့် ပစ္စည်းပြတ်နေသော ဆေးပစ္စည်းများကို မေးမြန်းခဲ့ပြီး စာရင်းကောက်ယူခဲ့ပါသည်။ လိုအပ် လျှက်ရှိသော Paracetamol, Cetrizine, Biogesic, Zinc, Becozinc, Vitamin C, Decolgen, Enervon-C, Cevit 500 mg အစရှိဿာ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေး မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းနှင့် ဆေးဆိုင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးဦးစီး၍ နယ်မြေခံတပ်/ရဲစခန်းမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ မြို့လဝက၊ မြို့စည်ပင်နှင့် မြို့ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချောင်းသာ ပြန်/ဆက်